လမ်းလျှောက်ခြင်းဟာ ဦးနှောက်အပေါ် ဘယ်လိုအကျိုးသက်ရောက်မူရှိလဲ
လမ်းလျှောက်ခြင်းဟာ ကျွန်တော် အကြိုက်ဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။
အရင်က ကျွန်တော်ဟာ လမ်းလျှောက်ရတာကို သိပ်မကြိုက်တဲ့ လူတစ်ယောက်ပါ။ အချိန်ကုန်တယ်လို့ ယူဆမိခဲ့လို့ပါ။
Social Media တွေပေါ်မှာ စာတွေရေး ဗီဒီယိုတွေ ဖန်တီး နေတဲ့ နောက်ပိုင်းမှ သာ လမ်းလျှောက်ခြင်းကို သဘောကြိုက်နှစ်ခြိုက်လာခဲ့တာပါ။ ဘာ့ကြောင့်လဲဆိုတော့ လမ်းလျှောက်ခြင်းဟာ ကျွန်တော့်ရဲ့ စိတ်ကို ကြည်လင်စေသလိုအကြံအညဏ်အသစ်တွေလည်း ထွက်ပေါ်စေလို့ပါ။
အခုနောက်ပိုင်း မနက်ဘက် စာမရေးခင် အနည်းဆုံး မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ဖြစ်တယ်။ ညဘက်ထမင်းစားပြီးတိုင်း မိနစ် နှစ်ဆယ် လောက်လမ်းလျှောက်ဖြစ်တယ်။
ခြံအပြင် ထွက်မလျှောက်ဖြစ်ရင်တောင် ခြံထဲမှာ ခေါက်တုံခေါက်ပြန် စင်္ကြန်လျှောက်ဖြစ်တယ်။
လမ်းလျှောက် ရင်းနဲ့လည်း စိတ်ပိုင်းဆိုင်ရာ ပိုပြီးတည်ငြိမ်အောင် စက္ကန့်ပိုင်းလောက်ပဲဖြစ်ဖြစ် ဝင်လေထွက်လေ မှတ်ဖြစ်တယ်။
လမ်းလျှောက်ပြီး တဲ့ အချိန် စာရေးတဲ့အခါ ပိုပြီး အာရုံစိုက်နိုင်တယ်။ ပိုပြီး အတွေးအမြင်အသစ်တွေပိုထွက်ပေါ်တယ်ဆိုတာ သတိထားမိခဲ့တယ်။
လမ်းလျှောက်ခြင်းဟာ ကျွန်တော်ကိုယ်တိုင်တောင် သတိမမူမိပဲ ကျွန်တော့်ကို အကျိုးပြုခဲ့တဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။
အဲ့ဒီ ဖြစ်ရပ်က ကျွန်တော် ဆယ်တန်းတုန်းကဖြစ်ခဲ့တာပါ။
ကျွန်တော့်ကို အိမ်က စာကျက်ဝိုင်း တစ်ခုမှာ တက်ခိုင်းပါတယ်။ စာကျက်ဝိုင်း မှာ ဆရာက ကျောင်းသားတွေကို သုံးနာရီဆက်တိုက် ထိုင်ရာကနေ မထခိုင်းပဲ စာကျက်ခိုင်းပါတယ်။ စာသင်စေပါတယ်။
ဆရာ ဆရာမတွေ မိဘတွေ ရဲ့ အတွေးထဲမှာ စာဆိုတာ သုံးနာရီ လေးနာရီဆက်တိုက် ဖင်ပူအောင် ထိုင်ကျက်မှ စာရတယ်လို့ ထင်နေကြတာပါ။
ဆရာက ကျွန်တော်တို့ အညောင်းပြေအညာပြေ ရေထ သောက်ရင်တောင် မင်းတို့ ရေပဲ ထသောက်နေတာပဲလို့ ဆူပါတယ်။
ကျွန်တော် စာကျက်ဝိုင်းမှာ စာကျက်တာ ဘယ်လိုမှ အာရုံစိုက်လို့မရပါဘူး။ အရင်က လူများလို့ အသံတွေဆူနေခဲ့လို့ အာရုံစိုက်ဖို့ ခက်နေခဲ့တာလို့ ထင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ့် ပြဿနာက အထိုင်များခြင်းကြောင့်ဆိုတာ အခု နောက်ပိုင်းမှ သိရှိခဲ့ရတယ်။
ကျွန်တော် စာကျက်ဝိုင်းမှာ အာရုံစိုက်လို့ မရတဲ့အတွက် ကြောင့်ရော ကျူရှင်ဆရာရဲ့ သင်ကြားမူအပေါ်မှာ အားမရတာကြောင့်ရော သီတင်းကျွတ်နောက်ပိုင်းမှာ စာကျက်ဝိုင်းကို မသွားတော့ပဲ အိမ်မှာပဲ ကိုယ့်ဘာသာ စာကြည့်ပါတယ်။
ဒါပမဲ့ အိမ်မှာ စာလုပ်တဲ့အခါ စာကျက်ဝိုင်းမှာလိုမျိုး သုံးလေးနာရီ ဆက်တိုက် တစ်ခါမှ စာမလုပ်ခဲ့ပါဘူး။ မိနစ်နှစ်ဆယ်လောက်လုပ်လိုက် နားတဲ့ အချိန် အညောင်းပြေ လမ်းလျှောက်လိုက် နဲ့ နားနားနေနေပဲ လုပ်ပါတယ်။
အတိုးချုံးပြီး ပြောရရင် ဆယ်တန်းစာမေးပွဲ အောင်စာရင်းထွက်တဲ့ အချိန် ကျွန်တော် စာမေးပွဲအောင်ခဲ့တယ်။ ဒါပေမဲ့ စာကျက်ဝိုင်းက လူသစ်တွေ အကုန် ကျခဲ့တယ်။ လူဟောင်း သုံးယောက်ပဲ
အောင်တယ်။
ဒီနေရာမှာ ဆယ်တန်းတုန်းက ကိုယ့်ဘာသာ စာလုပ်ပြီး စာမေးပွဲအောင်ခဲ့တာကို ကြွားလုံးထုတ်ချင်တာထက် သုံးနာရီဆက်တိုက် တစ်ချိန်လုံး ဖင်ပူအောင် ထိုင်ပြီး စာလုပ်ခြင်းဟာ ဦးနှောက်ရဲ့ အာရုံစိုက်နိုင်စွမ်းကို လျော့ကျစေတယ် ဆိုတဲ့ အချက်ကို ထောက်ပြချင်တာပါ။
သေချာတာတစ်ခုက ဆယ်တန်းမှာ ကျွန်တော်ဟာ
စာကျက်ဝိုင်းက သူငယ်ချင်းတွေလောက် စာမလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ကိုယ်ကိုတိုင်တောင် သတိမထားမိခဲ့တဲ့ အားသာချက်တစ်ခု ရှိခဲ့တယ်။ အဲ့ဒီ အရာကတော့ တစ်ချိန်လုံး စာမကျက်ပဲ လမ်းလျှောက်ရင်းနဲ့ ဦးနှောက်ရဲ့ စွမ်းရည်ကို ပြန်လည် ဖြည့်တင်းနိုင်ခဲ့ခြင်း လို့ပြောလို့ရပါတယ်။
အမေရိကန်နိုင်ငံ Illinois တက္ကသိုလ်က ဒေါက်တာ Chuck Hillman ဦးဆောင်ပြီး လမ်းလျှောက်ခြင်းရဲ့ ဦးနှောက်အပေါ် သက်ရောက်မူ ကို ကလေးတွေနှင့် စမ်းသပ်ခဲ့ပါတယ်။
စမ်းသပ်မူ မတိုင်ခင် မိနစ် နှစ်ဆယ် လမ်းလျှောက်ခဲ့တဲ့ ကလေးတွေဟာ လမ်းမလျှောက်ခဲ့တဲ့ ကလေးတွေထက် စာပိုဒ်တွေကို ဖတ်ရူနားလည်နိုင်စွမ်းနှင့် သင်္ချာပုဒ်စာတွေကို
ဖြေရှင်းနိုင်စွမ်းပိုမြင့်တယ် ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။
လမ်းလျှောက်ခြင်းရဲ့ ဦးနှောက်အပေါ် သက်ရောက်မူတွေ အနေနဲ့
(၁) လေ့လာချက်တွေအရ လမ်းလျှောက်ခြင်းဟာ ဦးနှောက် အပေါ်အောက်စီဂျင်နှင့် အဟာရဓာတ်တွေ ပိုပြီး ရောက်ရှိစေနိုင်ပါတယ်။ အဲ့ဒီလိုအောက်စီဂျင်တွေ အဟာရဓာတ်တွေ ဦးနှောက်ကို ရောက်ရှိစေခြင်းဟာလူတစ်ယောက်ရဲ့
မှတ်ညဏ်၊အာရုံစိုက်နိုင်မူ နှင့် ပြဿနာဖြေရှင်းနိုင်စွမ်း တို့ကို ပိုပြီးတိုးတက်စေပါတယ်။
(၂) လမ်းလျှောက်ခြင်းဟာ Endorphins ဆိုတဲ့ လူ့ခန္ဓာကိုယ်ထဲက chemical တစ်မျိုးကို ထွက်ပေါ်စေပါတယ်။ အဲ့ဒီလို ထွက်ပေါ်ခြင်းဟာ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း ကို လျော့ကျစေနိုင်ပါတယ်။
(၃) လမ်းလျှောက်ခြင်းဟာ Stress ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Cortisol ကိုလည်း လျော့ကျစေတဲ့အတွကါ ဖိအားတွေကိုလည်း လျော့ကျစသလို စိတ်ကိုပိုပြီး တည်ငြိမ်စေပါတယ်။
(၄) ပုံမှန် လမ်းလျှောက်ခြင်းဟာ အသက်ကြီးတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ သတိမေ့ခြင်းနှင့် အယ်ဇိုင်းမား ရောဂါတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ငယ်ရွယ်စဉ်မှာထဲက ပုံမှန် လမ်းလျှောက် လေ့ကျင့်ခန်း လုပ်လေ့ရှိတဲ့ လူတွေဟာ အပေါ်က ရောဂါလက္ခဏာတွေကို အသက်ကြီးတဲ့အခါ ခံစားရနိုင်ခြေ နည်းပါး ပါးတယ်။
အခုလောက်ဆို လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိလောက်ပြီလို့ထင်ပါတယ်။
လမ်းလျှောက်ခြင်းဟာ တစ်ခြား လေ့ကျင့်ခန်းတွေလိုမဟုတ်ပဲ အသက်အရွယ်မရွေး လုပ်လို့ရပါတယ်။ ကိုယ်ဟာ အလုပ်တွေများလို့ လေ့ကျင့်ခန်းလုပ်ဖို့ Gym သွားဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင် တစ်နေ့ကို အနည်းဆုံး မိနစ် နှစ်ဆယ်လောက် လမ်းလျှောက်စေချင်ပါတယ်။
လမ်းလျှောက်ခြင်းဟာ အချိန်ဖြုန်းချင်းမဟုတ်ပါ။ ကိုယ့်ကို ကို အချိန်ပေးခြင်း ဂရုစိုက်ခြင်း သာ ဖြစ်ပါတယ်။
Aung Paing Phyo
Share this post
လမ်းလျှောက်ခြင်းဟာ ဦးနှောက်အပေါ် ဘယ်လိုအကျိုးသက်ရောက်မူရှိလဲ?